Wednesday, March 8, 2017

နာကျင်ခြင်း

ရွာတယ်..ထစ်ချူန်းမှန်းမသိထစ်ချူန်းနေလည်း
နှလုံးသားမှာ နာတယ်..
ဒဏ်ရာတွေအမြစ်တွယ်
ရင်မှာ ငြိတွယ်ခဲ့သမျှအရာအားလုံး
ခါးတယ်။

ပင်စည်မရှိခဲ့တဲ့ အမြစ်တစ်ခုကိုတွယ်ဖက်
အစိမ်းကြွေခဲ့ရတဲ့ ရွက်သစ်ခြောက်
ပုံပျက်ပန်းပျက်ဖြစ်လိုက်ပုံများ
သမုဒ္ဒရာရေတောင်တွေ ခမ်းခြောက်ခဲ့ရတဲ့အဖြစ်။

မင့်လက်နဲ့ ငြိခဲ့သမျှ
အရာအားလုံးကို မုန်းတယ်ဆိုရင်
ဆံချည်မျှင်သွေးကြောထုံး
နှလုံးသွေးစသမျှ..အရာအားလုံးမှောင်မိုက်ခဲ့တာ
အဆန်းတကြယ်ဖြစ်စရာကိုမရှိ။

ကြမ်းတယ်..ဂန္ဓ၀င်မမြှောက်တဲ့
အချစ်ချော့တေးမှာ ဆိုလိုတွေရိုက်စရာမလိုပါဘူး
အလွမ်းကိုခြွေမှာတော့ အချစ်ကိုသေစေတာ
ဆားမပါတဲ့ ဟင်းလို့ ပေါ့ပျက်ပျက်လဲဖြစ်နိုင်ချေမရှိဘူး။

ကျနော့ရဲ့အချစ် ချူပ်ငြိမ်းနိုင်ဖို့ 
ဘယ်ဥပက္ခာတရားကိုမှ အဖော်ခေါ်ဖို့ မလိုပါဘူး
တကယ်မရှိခဲ့နှလုံးတစ်စုံ
မြတ်နိုးမူတွေ ကင်းမဲ့နေတဲ့ မျက်ဝန်းတစ်စုံ
အဲဒီလောက်ပေါ့.
.အဲဒီလောက်ရှိနေယုံနဲ့ ကမ်းခဲ့တဲ့ချစ်ခြင်းတစ်စုံကို
အလွမ်းနဲ့ ခြွေလို့  ကျနော့နှလုံးသားကို
ရာသက်ပန်အနားပေးလိုက်တော့မယ် ဆိုတာ (ယုံ)

♥♥♥ကဗျာရိ့ပ်♥♥♥
July,25,2013

ဖက်တွယ်ခြင်း

လမိုက်ညမှာတေးဆိုတတ်တဲ့ ငှက်ငယ်လေးရေ
တွန်ကြူးသံရဲ့ အနက်အဓိပါယ်ကြားမှာ
လွဲချော်မူတွေ နဲ့ အခါခါလွဲနေရလို့ 
စိတ်ဓါတ်တွေ ခြေမခိုင် ယိုင်လုလုဖြစ်နေခဲ့ပြီလား။

ဒီတစ်ညရဲ့ နှလုံးသားစစ်တူရင်ကစားပွဲမှာ
နယ်ရုပ်လေးတွေ မျက်ရည်ရွှဲ
အမုန်းကာရံတွေ အိပ်စက်ဖို့ 
အပင်ထက်ကငှက်ငယ် အပျံသင်ဖို့ မလိုအပ်ပါဘူး။

ငါက အိမ်မက်တွေကိုထုဆစ်နိုင်တဲ့
ဖန်ဆင်းရှင်မဟုတ်ခဲ့ပါဘူး
ဒါပေမဲ့လေ.. နင့်အတွက်နဲ့ ပတ်သတ်လာရင်တော့
အချစ်တစ်ခုကို ထုဆစ်
နှလုံးသားကိုရင်းနှီးထားနိုင်ပါတယ်ချစ်သူ....။

သိပ်တော့မချမ်းသာပါချစ်သူ.ဒါပေမဲ့လေ
ဂုဏ်ပကာသန မဖက်တဲ့ အချစ်တွေက
နင့်အတွက်ဆို ပေါပေါများများပေးထားနိုင်ပါတယ်။

အစွန်းနှစ်ဖက်ကြား မာနတရားတွေက
ချစ်သူနှစ်ဦးကို ခွဲရန်ရည်စူးနေခဲ့တာ
နင်သိသလို ငါလည်းသိခဲ့တယ်
ဖြစ်တည်မူ့ တိုင်းရဲ့ အနှစ်သာရတွေ
မှားမှန်းမသိ မှားလို့ 
အချစ်တွေ အမုန်းဇာတ်သွင်းရတော့မယ်ဆိုရင်တောင်
ငါလေ.... အချစ်ရဲ့ အစွန်းအဖျားမှာ ခဏလောက်တော့
ဖက်တွယ်ပါရစေ.. ပလိစ်..ကျေးဇူးပြုပြီ.ခဏလေးပါချစ်သူ

မေတ္တာတုနဲ့

"ဤသို့ သော်......အချစ်သည်"
ငါ့ရဲ့သမိုင်းမှာ လွမ်းချင်းတွေ အမြဲငိုနေတယ်
နင်ရဲ့သမိုင်းမှာတော့ အချစ်တွေအမြဲလိုပုံနေတယ်.
နေမထိတဲ့ပန်းလေး အရောင်နွမ်းသွားချိန်ရောက်မှ
နင်အပြန်ခက်မယ်ဆို ငါလည်စင်းပေးပါ့မယ် ချစ်သူ....

မေတ္တာမပါတဲ့ ဒီသံသရာ တစ်ဖက်မှာ
နေ၀င်ချိန်ကို မက်မောစွာတောင်းတရင်းနဲ့ 
ဆည်းဆာချိန်ကို မျှော်လွမ်းရတာ
တိမ်တွေတောင် ပြိုတော့မယ်ချစ်သူ......
ရင်ဘတ်ချင်းအငြိမှာ
ကြွေလွှင့်သွားတဲ့ ငါ့နှလုံးသားက
သိက္ခာပျက် မေတ္တာငတ်ဘ၀နဲ့ 
အဆုံးစီရင်ဖို့ ကြိုးစားရင်း
အချစ်မရှိတဲ့ နွံထဲမှာ အမှတ်မရှိသလိုနဲ့ 
အကြိမ်ကြိမ်အခါခါလည်း မှားမိပြန်တယ်.......
အမှန်တော့ ချစ်သူရယ်
အသွားအပြန်မရှိတဲ့လမ်းမှာ
ငါ့နှလုံးသားလေး တိတ်တိတ်လေး နားနေသင့်ခဲ့ပြီ......
ဤသို့ သော် အချစ်သည်....
ပျက်လွယ်သဘော သိလွယ်ဇောနဲ့ 
မေတ္တာတု နဲ့ ဝေးပါရစေ

အခြားတစ်ဖက်

အချစ်ဆိုတဲ့ အရာကို ခေါင်းစဉ်အမျိုးမျိုးတပ်
တစ်ခြားတစ်ရောက်ရင်တဲ့ဖူးပွင့်ခိုင်းရအောင်
အငှားအတုရင်ဘတ်နဲ့ အသက်ရှင်နေတာမှမဟုတ်ခဲ့တာ။

အချစ်ပန်းခင်းတစ်ခင်းပျိုးလို့ 
နေအရောင်အဟပ်ကိုစောင့်မျှော်ရင်း
ငါချစ်သလို နင်မချစ်လာတဲ့အခါ
ခုန်လာတဲ့ နှလုံးခုန်သံ
အလိုအလျောက် အသံတိတ်စက်နဲ့ 
ရပ်ခိုင်းထားလိုက်ချင်ခဲ့တယ်။

အရုပ်ကြိုးပြတ်နဲ့  ဘ၀ကိုကျောခိုင်း
စည်းစည်းကားကားကျင်းပနေခဲ့တဲ့
နင့်ရဲ့ ဘတ်ဒေးပါတီ..
မဆိုင်မဆီ တွေ့ မိတာက
အဲဒီညက လမှသာခဲ့ရလား။

ဟုတ်တယ် ..အဲလိုအလွဲတွေနဲ့ 
ပျော်ပိုက်နေတဲ့ အချစ်တစ်ခုရဲ့ ဆုံမှတ်ကိုရှာရင်း
စင်္ကြ၀ဋ္ဌာကြီးရဲ့ ရယ်မောသံတစ်ချက်ကိုကြားလိုက်ရတယ်
ဘာသာဘာဝ တစ်ခုရဲ့ကြား
လှလှ ခြယ်မှုန်းထားတဲ့ မျက်ကပ်မှန်မှာ
နင်မသိနိုင်ခဲ့တဲ့ အချစ်တစ်ခုကို
ထွန်းညို့ ထားခဲ့ဘူးတယ် ဆိုပေမဲ့....

သခင်လိုရာဆုကိုတောင်းနိုင်ဖို့ 
ကြယ်ကြွေပေးရမယ်ဆို
ဟောဒီကမ္ဘာကြီး.မပျက်သုန်းဖို့ 
ကျနော့ရဲ့ အချစ်တွေနဲ့ အတူဖြန့် ကျက်လို့ ထားပေးလိုက်ချင်တယ်..
ဆိုပေမဲ့..လည်း.
ကျနော်တို့ရဲ့ နှစ်ယောက်ရဲ့အချစ်တွေကတော့
မဆုံနိုင်တော့တဲ့ Infinity တစ်ဖက်တစ်ချက်မှာပေါ့။

♥♥♥ကဗျာရိပ်♥♥♥
Juny,29,2013

အမုန်းဝဋ်ကြွေး

ချစ်ရသူရေ.......
ရပ်စောင့်နေခဲ့တယ်
နင့်မရှိတဲ့ သစ်ပင်အို
နင်မသိတဲ့ မှတ်တိုင်
နင်မချစ်တဲ့ အဆွေးတစ်စနဲ့ အတူ..........

တွေဝေခဲ့ဘူးတယ်........
နင်အတ္တနဲ့ ဆေးခြယ်
အရောင်မပြယ်တဲ့ စုတ်ချက်တွေကို
အမုန်းသံနှောခဲ့တဲ့ အချစ်အသံလေးတစ်ခုနဲ့ အတူ..........
ငိုကြွေးခဲ့ဘူးတယ်....
နှစ်ချို့ ပြက္ခဒိန်ဟောင်းရဲ့ အမှတ်တရ များစွာက
တိုးတိုးတိတ်တိတ်ငြီးငြူပြီ.
ခြေသံပျောက်လမ်းပျောက် ဘ၀တွေနဲ့ အတူ........
ထိုနည်းတူစွာ.......
အငိုမျက်လုံး အပြုံးတစ်ရာ
ခါးသက်သက်နဲ့ ရက်စက်ပြီ
အရွေ့ မရှိတဲ့ နှင်တံလို
ကူကယ်ရာမဲ့ တဲ့ဘ၀က
လူမြင်ရာမှာ အရှက်ရစေပြီးမှတော့........
ဝေးပါရစေတော့..........အမုန်းတွေနဲ့ အတူ........

အချစ်ကျွံ

အနားသတ်မရှိတဲ့ ကောင်းကင်ယံမှာ
ကျေနပ်မှု့ မရှိတဲ့ အပြုံးတွေကိုကာရန်ပျိုးလို့ 
ကြယ်ကြွေချိန်ကို အခါခါစောင့်မျှော်လို့ နေရစ်ခဲ့တယ်။

ငါ့နှလုံးသားပေါ်မိုးတွေရွာတော့
သစ္စာမရှိတဲ့ အလွမ်းတွေက
အဓိကမကျတဲ့ အချစ်တွေကိုဖောင်ဖွဲ့ ပြီး
လူပိန်း ဆန်ဆန် ပင်လယ်ပြင်ကို ရွက်လွှင့်ဖို့ ကြိုးစားခဲ့တယ်။

အမှတ်တရ မဖြစ်ခဲ့တဲ့
စာကြွင်း စာကျန်တစ်ချို့ အပေါ်မှာ
မင်ပြာတွေ စွန်းပေတော့
နင်မရှိတဲ့ မနက်ခင်းက
လှောင်လို့ လည်း ကြည့်ခဲ့တယ်။

မဖြစ်စလောက်ဆိုရုံနဲ့ 
အသည်းက ဟက်တက်ကွဲရတယ်
ကံစီမံရာမှာ နင်မဝေပဲ
ငါမကြွေခဲ့ရိုးအမှန်ပါ။

လေဟုန်စီးလို့ ခရီးနှင်တာ
အချစ်နွံနစ်ဖို့ ခြေတစ်ဖက်ကျွံခဲ့တာမဟုတ်ပါဘူး
ထောင့်စွန်းမညီတဲ့ ကွပ်လပ်ထဲမှာ
အကြင်နာမဲ့တဲ့ အဖြေတွေကိုထည့်ထည့်နေရတာ
စိတ်ထားတွေ မညီညွတ်ချင်တော့ဘူးချစ်သူ..

တကယ်လို့ များပေါ့....
အမှတ်မရှိခဲ့ဘူးဆိုရင်တောင်
ပါးပါးနပ်နပ် မရှိခဲ့တဲ့ ငါ့အချစ်က
နင့်ရင်ခုန်သံထဲ ခြေတစ်ဖက်ဝင်ရုံသာသာပါချစ်သူ..ရယ်။

♥♥♥ကဗျာရိပ်♥♥♥
July,30,2013

အလွမ်းဖျား

တစ်ခါတရံ အပြင်းဖျားတတ်တဲ့အလွမ်းတွေက
အချစ်နဲ့ စစ်ကိုအနိုင်ယူလို့ 
ဝေေ၀ဆာဆာ ပွင့်လန်းနေခဲ့ကြတယ်။

တစ်နွယ်ငင်ခဲ့ပေမဲ့
တော်ဝင်ပန်းတော့မဟုတ်ခဲ့ဘူးရှင်
ရင်မှာသီသောကြိုးတွေက
အစဉ်အလာဆိုတဲ့ ဝေါဟာရ နယ်ပယ်မှာကျက်စားရင်း
အချစ်ဆိုတဲ့အရသာကို
မြည်းစမ်းကြည့်ဖို့ တောလည်ထွက်ခဲ့ရုံသက်သက်ပါ။

မျိုသိပ်ဖုံးကွယ်မူတွေရဲ့အောက်မှာ
အလွမ်းမြေဇာပင်တွေပျော်မြူးလို့ 
သားချော့တေးတစ်ပုဒ်နဲ့ အတူ
နယ်လွန်အိမ်မက်တွေကို တူးဆွလို့ နေခဲ့ဘူးတယ်။

ချစ်သူရဲ့မေတ္တာတရားတွေ မိုးခေါင်တော့
ကျနော့ရဲ့အချစ်တွေထစ်ချူန်းပေးခဲ့တယ်
အငိုတိတ်ဖို့ မိုးညို့ ပေးစရာမလိုသလို
အလွမ်းရာသီတွေ ကောက်ကြောင်းမဲ့ဖို့ 
ချစ်သူတေးတစ်ပုဒ်ဆိုစရာလည်းမလိုတော့ပါဘူး။

ကျနော်သာဖန်ဆင်းရှင်ဆိုရင်ပေါ့
လိုတရတဲ့ အလွမ်းတွေကို
မေခလာတောင်ခြေရင်းမှာ မှေးစက်
ကြီးကျယ်ခမ်းနားစွာ ချော့သိပ်ခဲ့မိမှာပါ။

♥♥♥ကဗျာရိပ်♥♥♥
August,1,2013

ညီမျှခြင်း

ချစ်သင့်လို့ ချစ်ခဲ့တာမဟုတ်ပါဘူး
ချစ်ချင်လို့ ကို ချစ်လိုက်တာ
အကြောင်းပြချက်ရဲ့ နောက်က
မုသားမပါတဲ့ အလင်္ကာဆိုတာ
အလွမ်းကျောခင်းပြီး မှေးစက်ရတာလောက်
အနှစ်သာရလဲ မပြည့်ခဲ့ပါဘူး။

ကြင်နာသော အသံတွေ
ရင်မှာလာလာငြိတော့
ဦးနှောက်က လာတဲ့အသိတွေ
တစ်ချက်ချက် အခန်းလွတ်ချင်လာခဲ့တယ်။

ကျနော့နှလုံးသားမှာ အလွမ်းမိုးတွေ
ရွာခဲ့သော နေ့ ကပေါ့
အချစ်တွေကို ရင်မှာခင်း
ကြည်နှူး မူ့ အတိနဲ့ 
ပေါ့ပေါ့ပါးပါးကို ပြုံးနေလိုက်မိတယ်။

ရင်ခုန်သံကို တံတားထိုး
အချစ်ကို လမ်းခင်းပေးခဲ့တာမို့ 
တစ်ချက်လောက်ပြန်လှည့်ကြည့်
ကျနော့ရင်ထဲ အလွမ်းဆိုတဲ့ကောင်ကြီးက
ကြီးကြီးမားမားကို ဖူးပွင့်နေခဲ့ပြီရှင့်။

တောင်းတိုင်းပြည့်မယ်ဆိုရင်ပေါ့
ကျနော်လျှောက်တဲ့ လမ်းတိုင်း
အချစ်တွေနဲ့ ပြည့်ပါစေ.
နိုးထမှု့ မနက်တိုင်း
ချစ်သူ့ ရဲ့ အလွမ်းနဲ့ ပြည့်လို့ 
အချစ်နဲ့ အလွမ်းတစ်သားတည်းကျပါရစေရယ်လို့ ။

♥♥♥ကဗျာရိပ်♥♥♥
August,3,2013

ရင်တံဆိပ်

ရင်မှာတံဆိပ်ကပ်ဖို့ 
အကြိမ်ကြီမ်ကြိုးစားရင်းနဲ့ ပေါ့
နီးခြင်းဝေးခြင်းဆိုတဲ့ ပညပ်ချက်စည်းတစ်ခုပေါ်မှာ
သရေ အရူံးနဲ့ လှလှပပလေး
ခြေလျှော်သွားခဲ့ရပြီလေ။

မမေ့နိုင်လို့ တောင်းတလိုက်မိတာ
အချစ်တွေကမြစ်ကျိုးအင်းလို တိုက်စား
တစ်ကြိမ်သာ မြတ်နိုးဘူးတဲ့အချစ်အတွက်
အကြိမ်ကြိမ် သေဆုံးဖို့ ဖြစ်လာရတယ်။

ငါ့ဘက်ကမှားတာပါလို့ 
တောင်းပန်သံ အချို့ ရဲ့ နောက်ကွယ်
ရယ်မောခြင်းတွေကင်းမဲ့နေတဲ့
အသံတိတ် ဇုံထဲမှာ တော့
မျက်ရည်တွေ ခပ်ပါးပါးကျနေခဲ့ရပီလေ။

ဒြပ်ဝတ္တူတွေ ခမ်းနားခဲ့လည်း
အမှိုက်တစလို့ ချောင်ထိုးခံရတဲ့
သစ္စာ ရိပ်မြုံလေးကတော့
အလွမ်းတစ်သိုက်နဲ့ နေပျော်
အချစ်တွေ အမှောင်တိုက်သွင်းလို့ ပေါ့။

ဟောဒီ ..ကမ္ဘာမြေကြီးမှာပေါ့
အချစ်တွေ အဆိပ်တက်တဲ့နေ့ 
အလွမ်းဆိုတဲ့ ပ၀ါလေးကို ခ၀ါချလို့ 
အရှင့်အမုန်းနောက်တော်ပါးဆီက
ဆန္ဒစွဲတစ်ခုကို မှတ်မှတ်ရရကို
သိမ်းဆည်းထားပေးလိုက်ပါ့မယ်ချစ်သူ။

♥♥♥ကဗျာရိပ် ♥♥♥
August,5,2013

စကားလုံးများ

အပြင်းစားရိုက်ချက်နဲ့ ထိုးနှက်
အလှပဆုံး ပဟေဠိတစ်ပုဒ်နဲ့ အတူ
နင့်ရဲ့ အပြုံးအောက်မှာ ကျရူံးဖို့ အတွက်များ
စကားလုံးလှလှလေးတွေ သုံးနေခဲ့တာလား။

တစ်ဖက်သတ်မဟုတ်ခဲ့တဲ့
နှစ်ဦးသဘောတူ နှလုံးသားပွဲမှာ
စေတနာကို ရေလာမြောင်းပေးလုပ်ရုံလောက်နဲ့ 
ကန်သင်းတစ်ခု မဆည်နိင်ပါဘူးချစ်သူရယ်။

ရင်မှာလွမ်းတဲ့ အလွမ်းမို့ 
နှစ်ချို့ နေပါစေ သစ်တယ်
အချစ်တွေကို အမြစ်တွယ်အောင်စိုက်ပြီးမှ
ခပ်ကြမ်းကြမ်းဆွဲနုတ်ပစ်ဖို့ ဘာကြောင့်များ
စီရင်ချက် ချနေခဲ့ရတာလဲ။

ကဗျာမကျတဲ့ ဒီဇာတ်လမ်းထဲ
အသည်းကွဲခြင်း မှတ်တိုင်ကိုထိုးစိုက်
အသွားအပြန်ရှိခဲ့ တဲ့ နယူတန်ကို ကျောခိုင်း
အမုန်းအသစ်တွေ တဖန်မွေးဖွားနေခဲ့လား ချစ်သူရယ်။

ငါ့မှာတော့လေ..ဥယျာဉ်မဲ့တဲ့ ပန်းဘ၀နဲ့ 
အချိန်များမနှောင်းခင် နင်အလာကိုစောင့်ရင်း
အသည်းကွဲခြင်းဆိုတဲ့ နိယာမကို
ဖော်မြူလာချနေမိတယ်ချစ်သူရယ်။

♥♥♥ကဗျာရိပ် ♥♥♥
August,6,2013

သစ္စာပျက်

သမိုင်းမှာထင်ကျန်ဖို့ 
ပေါ်ပြူလာဖြစ်ဖို့ လိုလို့ လား
သိက္ခာပျက်တဲ့ စကား
သစ္စာပျက်တဲ့ မေးခွန်းတွေက
နားစည်ကို လာလာရိုက်
ခါးသက်မိတာကတော့ အမှန်။

ရင်ကွဲသူရဲ့ တမ်းချင်းထဲမှာ
ဗလာမပါတဲ့ ကံစမ်းမဲတွေ
လွမ်းချင်းမသိတဲ့ ကြေးနန်းစာတွေ
ထပ်ခါခါပြုံးလို့ အချစ်တွေ ကမ်းပြိုပေးခဲ့ရတယ်။

တိမ်တိုက်တွေကြွေတော့ မိုးစက်လေးတွေဖြစ်ရတယ်
ကျမအချစ်တွေကြွေတော့
ရေငွေ့ တောင်မပျံနိုင်ခဲ့ဘူး
လောကကြီးရေ..တစ်ဖက်သတ်မို့ အားငယ်ရတယ်ဆိုရင်တောင်
အလွမ်းလက်ကျန်လေးလောက်တော့
နှစ်သိမ့်ဆုပေးခဲ့ပါနော်။

အနမ်းတစ်ခါခြွေတိုင်း
တစ်ခါ သတိရ ရမယ်ဆိုရင်လေ
အိမ်မက်ကို အဖော်ကူလို့ 
ယောင်ပီးတော့တောင် လွမ်းချင်သူပါ။

ဒါပေမဲ့..ချစ်သူရယ်
သစ္စာပျက် အနမ်းတွေ
အခါခါ ခြွေနေလေခဲ့တော့
ကြွေဘူးသူရင်မှာ သတိ တယလက်ကျန်လေးတောင်တွေ
အနည်ထိုင်ခဲ့ရပြီလေ။

♥♥♥ကဗျာရိပ်♥♥♥
August,11,2013

အချစ်ငတ်

အချစ်ငတ် နှလုံးသားတစ်စုံ
နေ၀င်ညရဲ့ အသည်းတံခါးဝမှာ
ခပ်ပြင်းပြင်းလေး လှမ်းလာခဲ့ပြီ.....
ပုံစံမတူတဲ့ ချစ်ခြင်းတစ်စုံကတော့
ပုံပျက်ပန်းပျက် ခပ်နွမ်းနွမ်းရယ်ပေါ့........

ကန္တာရကို အဖော်ပြု
ကျောက်စက်ရည်တော့ လိုနေပြီ
မှောင်မိုက်တဲ့ လကမ္ဘာမှာတော့
အောက်စီဂျင်က ခပ်ပါးပါးရယ်......
အတွေးတိမ်နေတာလား
အရေးနိမ့် ခဲ့တာလားးးးး
အတွေးပန်ချီနဲ့ ဆွဲတဲ့ ပန်းချီးကား
စုတ်ချက်တွေက မညီမညာ.....
ငိုဖူးသူရဲ့ မျက်ရည်
ကြွေခဲ့ဘူးသည့် အသည်း
ကျေမွသွားတဲ့ အလွမ်း
ရက်စက်ခြင်းကို အဖော်ပြု
ခံစားဖူးရင်.နားလည်မှာပါ.....

အချိန်

ငါမသိတဲ့ အချိန်
နိုးတစ်ဝက် အိမ်မက်တစ်စ
ဖြိုးဖျက်ဖျက် လက်ရောင်သမ်း
ချစ်ခြင်းတစ်စပျိုးခဲ့ပြီ။

ငါမသိတဲ့အချိန်
ရင်ခုန်ခြင်းကို အဖော်ပြု
သံစဉ်ချို တေးသွားတစ်ပုဒ်နဲ့ 
အလျားမညီ သဏ္ဌာန်မတူ
လွမ်းချင်း တစ်ပုဒ်ကို သီခဲ့ပြီ။
ငါမသိတဲ့အချိန်
စိတ်နှုန်းကိုမြန် အတွေးသစ်ကို နယ်ချဲ့ 
ငိုကြွေးခြင်း နယ်ပယ်မှာ....
ရက်စက်ခြင်းမုန်တိုင်း ဂယောက်ဂယက်နိုင်လွန်ခဲ့ပြီ။
ငါမသိတဲ့အချိန်.
အချစ်က ကျေးကျွန်
အလွမ်းက သခင်
အမုန်း ပန်းတိုင် လှမ်းလျှောက်ခဲ့မိတာလည်းးးး
ငါမသိခဲ့တဲ့ အချိန်ပါပဲ ချစ်သူ.......

အဖြေမဲ့

ချစ်သူရယ်.....
မချစ်ချင်လို့ အပြစ်မြင်တယ်ဆိုရင်လည်း
မပျိုးခင်ပန်း အရောင်မနွမ်းခင်
သစ်တစ်ပင်တော့ မစိုက်သင့်ဘူးကွယ်....

အချိန်ရောက်လို့ ကြွေရမယ်ဆိုရင်လည်း
တော်ဝင်မဟုတ်ပေမဲ့ မာနကို ရှေ့ ထား
မြေခပန်း ကြွေကျပန်းတော့ မဖြစ်ချင်ခဲ့ရိုးပါကွယ်.....
အချစ်က အဆိပ်တစ်ခွက်ဖြစ်ခဲ့မယ်ဆို
မျက်နှာဟန်လွှဲ အပြုံးမပျက်တမ်း
ဦးနှောက်အသိ အမှတ်မရှိတဲ့ အသည်းက
ဒုတိယ မဟုတ်တဲ့ ပထမနေရာဖြစ်ခဲ့မယ်ဆိုရင်
ယောင်ယောင်ပြီ ထူးခဲ့မိမှာပါကွယ်..........
ချစ်သူရေ.....
မေတ္တာမပါတဲ့ ဒီသံသရာ တစ်ဖက်မှာ
အမုန်းတွေလည်း မပျိုးချင်ဘူး
အချစ်ပင်လည်း မစိုက်ချင်ဘူး
ပေါင်းစပ်ခြင်းမရှိတဲ့ နိယာမသဘောကို
အပြစ်ဖွဲ့ ဖို့ လည်း မတန်ပါဘူး....ချစ်သူ
အချစ်ဆိုတာ အရိပ်တစ်ခုလား
အချစ်ဆိုတာ အပြစ်တစ်ခုလား
ဝိုးတ၀ါးနဲ့ အလင်းမရှိ မှောင်အတိနဲ့ 
အဖြေရှာနေဆဲပါ ချစ်သူ.ရယ်....

လွမ်းတောင်တန်း

ကောင်မလေးရေ..........
စိတ်တ္တဇအလွမ်းတွေနဲ့ 
အတုအယောင်အချစ်ကြား
မှောက်မှားလို့ လို့ ပျော်ခဲ့ဖုးတယ်..
ကောင်မလေးရေ....

အလွမ်းတောင်မှာ လွမ်းငွေ့ ရည်ဖွဲ့ 
မေတ္တာတွေမပျက် သစ္စာရပ်ဝန်းမှာ
သံယောဇဉ်မပြတ်တဲ့
အချစ်ထုံ့း ကြိုးတွေ လည်းးချည်နှောင်ခဲ့ချင်ပြီ..
ကောင်မလေးရေ......
ကောင်းကင်ရဲ့ မျက်ဝန်းမှာတော့
ပုလဲမိုးရွာ ပြီး အချစ်မိုးတွေလည်း
ဆွေးခဲ့ရပေါ့ချစ်သူ....
ကောင်မလေးရေ.......
ငါ့ရဲ့ နှလုံးသားရပ်ဝန်းမှာ
ခဏသာ မှေးခိုဖို့ 
ရက်စက်ခြင်းကို ပေါင်းဖက်
အပြုသဘောဆောင်တဲ့ ကြင်နာသံ
ငါ့ ရင်မှာ မချိဖြစ်ရသာမို့ 
အလွမ်းတောင်မှာ ငွေ့ ရည်မဖွဲ့ ခင်
နင်တစ်ယောက်လှမ်းလာခဲ့ပါတော့ကွယ်.........

အလွမ်းသင့်

သူ့ အချစ်
သူ့ အလွမ်း
သူ့ အနမ်း ကြားမှာ
ယစ်မှူး စိတ်ဝင် ချစ်ခြင်းဖြစ်တည်
မုသား အတိ  စိတ်ချင်းငြိလို့ 
အတွေးထဲမှာလည်း ပျော်ခဲ့ တယ်.......

သူ့ အပြော
သူ့ အဟော
သူ့  စကားကြားမှာ
တိမ်မြုပ် နစ်ဝင်
စိတ်အစဉ်ဖြင့် ရင်ခုန်သံတွေ ထပ်တူကျ
နှလုံးသားခြင်းညီခဲ့တယ်........

သို့ သော်ငြားလည်းး........
အချစ်မသိခဲ့တဲ့ ကျမ
အလွမ်းမရှိခဲ့ တဲ့ဘဝ
ပြဂယုဂ် မရှိတဲ့ အနားသတ်တွေက
ခပ်ဖွဖွ နင်းပြီး...ကျောခိုင်းလို့ လည်း
ရက်စက်ခဲ့ပြီ......
မာယာရှင် နင်မှာတော့
အလွမ်းတောမှာ မနေပျော်ခဲ့ပေမဲ့
အချစ်ကို ကိုးကွယ်တတ်တဲ့ ငါ့ အတွက်ကတော့
အဆိပ်ပင်ကိုမှ ခူးဆွတ်
မစားသင့်တဲ့ အသီးကိုမှစားခဲ့မိလေတော့
ငါ့နှလုံးသားလေး အလွမ်းသင့်ခဲ့ ရပြီပေါ့ ချစ်သူ....

မြို့ဟောင်း

ပေမမှီ ဒေါက်မမှီနဲ့ 
အချစ်ကိုတိုင်းနေတာမဟုတ်ဘူးချစ်သူ
စိတ်လိုလက်ရ အသက်ပါပေးပီ
ချစ်နေခဲ့တာ (ဒါတောင်)
အပြစ်ဖွဲ့ နေတော့
ငါ့ရင်ဘတ်က စကားပြောချင်နေပီ။

မခမ်းနားတဲ့ အလွမ်းတွေ
ဒီရင်ကို လာလာဆူးတော့
နွေ နဲ့ အတူ ရော်မဲ့ရွက်ဝါက
မိုးနှင့်အတူ ကြွေရမဲ့အဖြစ်။
ဒါက သဘာဝတဲ့လား
အဖြစ်သင့်ဆုံးဆန္ဒကိုချိုးနှိမ်လို့ 
သံယောဇဉ်ကြိုး ဘာပေတံနဲ့ တိုင်းရမှာလည်းချစ်သူ
သစ္စာပျက် သဲအိုလေးထဲက
ကြိုးပျက်နေတဲ့ တယောလို တော့
သိပ်ခမ်းခမ်းနားနား မဖြစ်မှာသေချာတယ်။
မြို့ ဟောင်းကနေစွန့် ခွာဖို့ 
နှလုံးသားတွေ သံပတ်ပေးတော့
အချိန်မှန် နာရီစင်က မျက်ရည်တွေ ရွှဲပေးခဲ့ရတယ်
တစ်ဖက်သတ်အမှားမို့ အရူံးများများပေးရမယ်ဆို
ဒီတစ်သက်မက နောက်ဘ၀များစွာထိ
အကြင်နာတွေ တစ်နင့်တစ်ပိုးနဲ့ 
ဒီရင်မှာ ချူပ်ရိုးရာက
အထပ်ထပ်ဖြစ်ပါစေတော့ရယ်လို့ ။
ဒီနေ့ တော့လေ
ကျမနှလုံးသားရပ်ဝန်းမှာ
အလွမ်းမိုးတွေသဲလို့ ရယ်....
အော်..ချစ်သူ
တစ်ကိုယ်လုံးရွှဲရွှဲစိုနေလိုက်တာ
ပင့်သက်ရူသံတိုင်းမှာတောင်
အမုန်းသံတွေ နှောလို့ ပါလားကွယ်။

♥♥♥ကဗျာရိပ်♥♥♥
August,13,2013

ဆေးဖက်မဝင်တဲ့

ပုံမလာပန်းမလာနဲ့ အရိပ်တွေမိုး
တစ်ချက်လောက်ပြန်ငဲ့ကြည့်လိုက်ပါလား
ကျွှုန်ုပ်ဧ။် အသက် ထက်ဝက်စာအလွမ်းတွေက
အချစ်တွေကိုတေးသီနေခဲ့တာလွန်ပြန်ရော..။

ပင်စည်ထက်မှာ အမြင်မှန်ဆိုတာမရှိဘူး
လေတိုက်တိုင်းယိမ်းနေတဲ့
နင့် နှလုံးသားနှပါးခွင်မှာတော့
စောက်ထိုးမိုးမျှော်နဲ့ အချစ်တွေကို
တစ်ခန်းရပ်ခဲ့ရတယ်။

အလွမ်းသိခဲ့လို့ လား အမိရယ်
အဆိပ်မှန်းမသိမြို့ ချ
နင့်အတွက်နဲ့ လောင်တဲ့မီးကျမှ
အေးနေရောလား။

ဝင်္ကဘာတောင်မှောက်
မျက်ကန်းတစ္စေတစ်ကောင်လို
လောကကြီးကို အသစ်စ
ဂွတ်ဘိုင် တစ်ချက်လုပ်ဖို့ တောင်
နေ့ သစ်တွေက မလပ်ဆပ်ခဲ့ဘူး။

အမှန်တော့ မစားကောင်းတဲ့အသီးကို
နှုတ်ခမ်းဖျားမှာမှေးတင်
ဒီရင်နုနုရွှရွှလေးနဲ့  တစ်နင့်တစ်ပိုးထမ်းခဲ့တာ
အလွမ်းတွေများ
ဆေးဖက်ဝင်ခဲ့မလားလို့ ပါချစ်သူရယ်။

အခုများတော့
အလွမ်းတွေ ဆေးဖက်မ၀င်လိုက်ပုံများ
အလွမ်းရာသီတွေပိုးထိုးလို့ 
နှလုံးခုန်သံ စည်းချက်မညီနိုင်တော့ဘူး
ဒါပေမဲ့လေ...
အချိန်မှန်တဲ့ မျက်ဝန်းမှာတော့
တောင်ချောင်းကရေ
စီးဆင်းနေသလိုပါလား...ချစ်သူရယ်။

♥♥♥ကဗျာရိပ်♥♥♥
August,17.2013

သင်္ခါရ

ဘ၀ကိုဘောင်ခတ်ဖို့ ကြိုးစားတဲ့အခါတိုင်း
အလိုမတူတဲ့ သင်္ခါရတရားတွေက
ရင်ဝကိုဖြတ်ရိုက်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်။

အမြင်တွေကိုဖလှယ်ကြရင်း
တူညီတဲ့အဖြေကြားမှာ
မိုက်မဲတဲ့ သီအိုရီတွေကို ညီမျှခြင်းချ
ကျွဲတစ်ဖက် နွားတစ်ဖက်နဲ့ 
ကံတရားကို ဖိနပ်လုပ်စီးခဲ့တယ်။

ဘာသာပြန်ဖို့ ဦးနှောက်တွေ
ခရီးနှင်လာတဲ့အခါတိုင်း
ငါဆိုတဲ့ ..စိတ်ကို အရောင်တင်
အတ္တဆိုတဲ့ကောင်ကြီးကို ချနင်းခဲ့ရတယ်။

ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်ကျတာချင်းအတူတူ
မလို မုန်းပွားတဲ့ မာနတရားတွေက
ကိုယ့်ကျင့်တရားကို သေးသိမ်စေခဲ့တယ်။
ဒါကလည်း အမှန်တရားကို
မှန်လို့ ကျင့်ကြံသူရဲ့
ခွန်းအားတစ်ရပ်လို့ ဆိုပြန်တယ်။

မခမ်းနားမကြီးကျယ်ခဲ့တဲ့
လူသမိုင်းတစ်လျှောက်မှာ
အတ္တမဲ့တဲ့ မာနလေးနဲ့
ဝါဒီမဆန်တဲ့ အသွင်ရုပ်လောက်နဲ့ တော့
ငါလည်းကျင့်ကြံနိုင်ဖို့ ကြိုးစားရအုံးမယ်။

♥♥♥ကဗျာရိပ်♥♥♥
August,26,2013

နှလုံးသားအိုအို

ခံစားချက်မဲ့တဲ့ နှလုံးသားအိုအိုမှာ
စောင်းကြိုးတွေလာလာညိုနေတာ
အသြတ နဲ့ ပြောရရင်
ငါ့ဖြစ်ချင်တဲ့ ဆန္ဒက သိပ်ပီးတော့
မတောက်ပြောင်လွန်ပါဘူး။

တကယ်တော့ပစ်ချတဲ့စာရွက်
ဒြပ်မဲ့တဲ့ ဒီဖောင်တိန်
အနုတ်ပြခဲ့တဲ့ အင်္ဂတေလမ်း
ဖော်ပြဖို့ တောင်မတန်ခဲ့ပါဘူး။

အညတရမို့ ခြေဆေးခဲ့တာလား
အပြစ်ဖွဲ့ ဖို့ မတန်မရာလမ်းခဲ့တာလား
ဒီခြေကမခိုင်မှတော့
တောင်တမံတွေပြိုကျရတာ
အံ့မခန်းတဲ့ အဖြစ်အပျက်တော့မဟုတ်ခဲ့ပါဘူး။

သံယောဇဉ်ကြိုးတွေ
ရေလာမြောင်းပေးလုပ်တုန်းက
အချိန်မခါမသိတဲ့မိုးလို့ 
နှလုံးသားအတုတွေ ခိုးခိုးပြီးတော့
ရွာချခဲ့တယ်။

တကယ်လို့ များအခွင့်ကြုံခဲ့ရင်
စာလွှာကြားချစ်တေးသံနှောလို့ 
မမြင်ရတဲ့နှောင်ကြိုးမှာ
သက်မရှိတဲ့ ဒြပ်မဲ့တစ်ခု ချိတ်ဆွဲ
အလွမ်းကမ္ဘာထဲမှာ
နစ်နစ်မွန်းမွန်းကို ပျော်ပစ်လိုက်မယ်ချစ်သူ။

တကယ်လို့  ငါသာလျှင်ဒြပ်မဲ့တစ်ခုဖြစ်ခဲ့ရင်ပေါ့။